Pages

Tuesday, August 19, 2014

စိတ်ဆိုးရင်မှန်ကို ကြည့်၊ အမှန်အတိုင်း သိ

စိတ်ဆိုးနေတဲ့အချိန်ဆိုတာ အမှန်ပျောက်ပြီး အမှားတွေ ပြော

အမှားတွေ လုပ် ဆုံးဖြတ်တဲ့အမှားတွေ အများဆုံး ချမိတဲ့အချိန်ပါပဲ

ဒါကြောင့် အကြောင်း တစ်ခုခုကြောင့် စိတ်ဆိုးနေတယ်ဆိုရင်

အဲဒီအချိန်မှာ ဘယ်သူ့ကိုမှ ဘာမျှမပြောသေးဘဲ

စိတ်ဆိုးနေတဲ့ပုံ ပျောက်သွားတဲ့အထိ မှန်ကြည့်နေလိုက်။


စိတ်ဆိုးနေတဲ့ပုံ ပျောက်သွားတော့မှ

ကိုယ်ပြောချင်တာတွေကို ပြောတော့။

စိတ်မဆိုးတော့ဘူးဆိုရင် စကားလုံးလဲ မဆိုးတော့ဘူး။

စကားသံတွေလည်း မဆိုးတော့ဘူး။ ချိုသာသွားမယ်။

ဆုံးဖြတ်ချက်တွေလည်း လျှင်မြန်စွာမချတော့ဘူး

မဖြစ်သင့်တာတွေတွေလည်း မဖြစ်တော့ဘဲ အဆင်ပြေသွားလိမ့်မယ်

ဒါကြောင့် စိတ်ဆိုးနေလျှင်အမှန်အတိုင်းသိဖို့ မှန်ကိုကြည့်ပါ။

The Express Times

No comments:

Post a Comment