Pages

Thursday, August 14, 2014

အချစ်ရဲ့ အဓိပ္ပါယ်

တကယ့်အချစ်ဆိုတာ သည်းညည်းခံတာ မဟုတ်ဘူး။ လက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စိုးမိုးခြယ်လှယ်တာ မဟုတ်ဘူး။ အားပေးထောက်ခံတာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ စီစစ်မေးမြန်းတာ မဟုတ်ဘူး။ နှစ်သိမ့်တာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ ကျေးဇူးတင်တတ်ရသလို တောင်းပန်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ ချစ်ခင်ကြင်နာတတ်ရသလို ခွင့်လွှတ်နားလည်တတ်ရတယ်။

တကယ့်အချစ်ဆိုတာ အမှားကိုပြင်တတ်ရသလို အမှားကိုလည်း ဝန်ခံရဲရတယ်။

တကယ့်အချစ်ဆိုတာ အချင်းချင်း စူးစိုက်ငေးမောနေတာ မဟုတ်ဘူး။ ဦးတည်ရာတစ်ခုတည်းကို နှစ်ယောက်အတူ ကြည့်တာဖြစ်တယ်။

တကယ့်အချစ်ဆိုတာ လှပ ပြီးပြည့်စုံတဲ့လူကို ရှာဖွေတာ မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့အကြည့်နဲ့ မလှပ၊ မပြည့်စုံသူကို နှစ်သက်တတ်အောင် သင်ယူတာဖြစ်တယ်။

အချစ်ဆိုတာ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါး အတူတကွ မျှဝေတာဖြစ်တယ်။

လက်ချင်းတွဲပြီဆိုတာနဲ့ လမ်းခွဲဖို့စကားကို အလွယ်တကူမပြောတော့ပါနဲ့။

-----
အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်..
တချို့က အချစ်ရဲ့နာကျင်ခါးသီးမှုအကြောင်း ဖွဲ့ဆိုတယ်၊ ဝမ်းနည်းကြေကွဲမှုအကြောင်း ဖွဲ့ဆိုတယ်၊ အချစ်ရဲ့မတရားမှု တစ်ကိုယ်ကောင်းဆန်မှုတွေကို ဖွဲ့ဆိုတယ်၊ ကျွန်မကတော့ အချစ်ရဲ့ တစ်ဦးအပေါ်တစ်ဦးနားလည်ခွင့်လွှတ်မှု၊ ပျော်ရွှင်ကြည်နူးမှု၊ ပေးဆပ်မှုတွေကို ဖွဲ့ဆိုပါတယ်...း)

နိုင်းနိုင်းစနေ

No comments:

Post a Comment